Website တစ်ခုပြုလုပ်ဖို့အတွက် မရှိမဖြစ်အနေနဲ့ အခြေခံအကျဆုံး လိုအပ်ချက် နှစ်ခုရှိပါတယ်။ ဘာတွေလဲဆိုရင် Domain နဲ့ Hosting/Server တို့ပဲဖြစ်ပါတယ်။
Domain ဆိုတာက Website တစ်ခုရဲ့ နာမည်ဖြစ်ပါတယ်။ facebook.com, google.com, un.org စသဖြင့်ပေ့ါ။ Domain တွေဟာ Website တစ်ခုကို လူတွေမှတ်မိလွယ်စေပြီး Identity တစ်ခုကိုပေးနိုင်တာကလွဲရင် Website ရဲ့ Quality ပိုကောင်းအောင်လုပ်မပေးနိုင်ပါဘူး။ လွယ်အောင်ပြောရရင် နာမည်ကောင်းတာလေးရွေးတာကလွဲရင် Domain က Website တစ်ခုအတွက်သိပ်အရေးမကြီးဘူးလို့ပြောလို့ရပါတယ်။
Hosting ကတော့ Website တစ်ခုအတွက်အလွန်အရေးကြီးပါတယ်။ Website တစ်ခု ဘယ်လောက်အထိမြန်ဆန်လဲ၊ Function တွေဘယ်လောက်ထည့်နိုင်လဲ စတာတွေဟာ Hosting အပေါ်မှာ အများကြီးမူတည်ပါတယ်။ Hosting ကို Server လို့လဲခေါ်ပါတယ်။ Server အမျိုးအစားတွေအများကြီးရှိတဲ့အထဲက မြန်မာနိုင်ငံမှာ အများစုအသုံးများကြတာကတော့ စျေးနှုန်းသက်သာတဲ့ Shared Hosting တွေကိုသာအသုံးများကြပါတယ်။
ကျွန်တော်တို့ Tha Khin Web Service ကတော့ Quality ပိုကောင်းတဲ့ Cloud Hosting ကိုအသုံးပြုပြီး Customer တွေကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ ဆိုတော့ Cloud Hosting ကဘာတွေဘယ်လိုပိုကောင်းတာလဲဆိုတာကို ဆက်ပြီးရှင်းပြပေးသွားပါမယ်။
1. Cloud Hosting က Downtime မရှိသလောက်နည်းပါတယ်။
ပုံမှန်ဆိုရင် Server တိုင်းမှာ Downtime ဆိုတာရှိပါတယ်။ Server တွေဆိုတာ တကယ်တမ်းတော့ အဆင်မြင့် Computer တွေပဲဖြစ်ပါတယ်။ အမြဲတမ်း မနားဘဲ 24 နာရီလည်ပတ်နေလို့မရပါဘူး။ အနားပေးဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ပုံမှန် Website တော်တော်များများဟာ Downtime ရှိပါတယ်။ အဲ့အချိန်မှာ Website ဟာ အလုပ်မလုပ်နိုင်ပါဘူး။ Server Down နေလို့ဖြစ်ပါတယ်။
Cloud Hosting ကကျတော့ သူက Server တစ်ခုတည်းပေါ်မှာ တည်ဆောက်ထားတာမဟုတ်ဘဲ၊ Server တွေအများကြီးကို ချိတ်ဆက်ပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင် Server တစ်ခု Down နေတဲ့အချိန်မှာ အခြား Server တွေကဆက်လက် လည်ပတ်နေမှာဖြစ်တဲ့အတွက် Downtime ဆိုတာမရှိသလောက်နည်းပါတယ်။
2. Allow more traffic
ဒီအချက်ကလည်း အလွန်အရေးကြီးပါတယ်။ Cloud Hosting တွေဟာ အပေါ်မှာပြောခဲ့သလိုပဲ Server တွေအများကြီးကိုချိတ်ဆက်ပြီး တည်ဆောက်ထားတာမို့လို့ ပိုများပြားတဲ့ Traffic ကို လက်ခံနိုင်စွမ်းရှိပါတယ်။
3. Cost Effectiveness
Shared Hosting ထက်စာရင် ကုန်ကျစရိတ်အနည်းငယ်ပိုများပေမယ့် ပြန်ရလာမယ့် Benefits တွေက ကုန်ကျစရိတ်နဲ့စာရင်အလွန်အားကောင်းတာကိုတွေ့ရပါတယ်။ ဒီထက်ပိုကောင်းတဲ့ VPS တို့ Dedicated Servers တွေကျတော့ Cost အရမ်းများသွားမှာဖြစ်လို့ Company အကြီးတွေလောက်ပဲ သုံးကြတာများပါတယ်။ အဲဒါကြောင့် Cloud Hosting က Quality အရရော ကုန်ကျစရိတ်အရရော လုပ်ငန်းအများစုအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
4. Latest Technology
Server အမျိုးအစားတွေထဲမှာ Latest Technology ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ အဆင့်မြင့်တဲ့ Features တွေကိုရရှိစေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ကမ္ဘာပေါ်ကလုပ်ငန်းတိုင်းလိုလိုဟာ သူတို့ရဲ့ Website တွေကို Cloud System ပေါ်သို့ အလျှင်အမြန် ပြောင်းရွှေ့နေကြပါတယ်။
သင့်ရဲ့ Website အတွက် ခန့်မှန်းခြေကုန်ကျစရိတ်ကို ဒီ Link မှာ ကိုယ်တိုင်ဝင်ရောက်တွက်ချက်ကြည့်နိုင်ပါတယ်။