ချိတ်ဆက်သူ
Program

cst 3

ဒီအစီအစဉ်ဟာ အရင်းအနှီးလုံးဝမလိုအပ်ဘဲ Online ရော Offline ကနေပါ အလွယ်တကူ ဝင်ငွေရရှိနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။  

ချိတ်ဆက်သူ (Freelance Sales Partner) အဖြစ်ပါဝင်ကြသူတွေဟာ Website ဖန်တီးချင်တဲ့ Client များနဲ့ ကျွန်တော်တို့ Tha Khin Web Service ကို ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်။ ချိတ်ဆက်ပေးတယ်ဆိုတဲ့အခါမှာ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ကိုယ်နဲ့ အသိတွေထဲက ဒါမှမဟုတ် ကိုယ်အလုပ်လုပ်တဲ့ Company က Website လုပ်ချင်တဲ့အခါတွေမှာ ချိတ်ဆက်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း Facebook မှာ Post တင်ပြီးရှာလို့လည်းရပါတယ်။ စိတ်ဝင်စားလို့မေးတဲ့လူရှိလာရင် ဖုန်းနံပါတ်ဖြစ်ဖြစ်ဆက်သွယ်လို့ရမယ့် အချက်အလက်တစ်ခုခုကိုတောင်းပြီး ကျွန်တော်တို့ Tha Khin Web Service ကိုပေးရုံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ဆက်သွယ်ဆွေးနွေးရင်းနဲ့ Client က အလုပ်အပ်ဖြစ်တယ်ဆိုရင် ချိတ်ဆက်သူဟာ သတ်မှတ်ထားတဲ့ ခံစားခွင့်ကိုရရှိမှာဖြစ်ပါတယ်။ အလုပ်အပ်ဖြစ်လား မအပ်ဖြစ်ဘူးလား သိနိုင်အောင်လို့ Client, ချိတ်ဆက်သူ နဲ့ Tha Khin Web Service တို့ 3 ဦးလုံး ပါဝင်သော Group Chat ဖန်တီးပြီး ဆက်သွယ်ပြောဆိုသွားမှာဖြစ်ပါတယ်။

ခံစားခွင့်အနေနဲ့ Client တစ်ယောက်ရတိုင်း 50,000 ကျပ်ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ နှစ်စဉ်ကြေးခံစားခွင့်ကိုပါထည့်သွင်းစီစဉ်ပေးထားတဲ့အတွက် Passive Income ပါ ရရှိနိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်ကြေးခံစားခွင့်ရဖို့အတွက်ကတော့ လိုအပ်တဲ့သတ်မှတ်ချက်အနည်းငယ်တော့ရှိပါလိမ့်မယ်ဗျ။

Freelance Sales Partner (ချိတ်ဆက်သူ) အဖြစ်စာရင်းပေးသွင်းဖို့ ဘာတွေလိုအပ်မလဲ?

1. နာမည်
2. ဖုန်းနံပါတ် (Viber အကောင့်ရှိရမည်။)
3. Gmail 

ဒီ ၃ ချက်ရှိရင် ပါဝင်လို့ရမှာဖြစ်ပြီး ကုန်ကျစရိတ်လုံးဝမရှိပါဘူး။ ခုလို အရင်းအနှီးလည်းမလိုအပ်ဘဲ အလွယ်တကူနဲ့ တဖက်တလမ်းကဝင်ငွေရရှိနိုင်မယ့် အခွင့်အရေးလည်းဖြစ်၊ လူဦးရေကန့်သတ်ချက်လည်းရှိလို့ စောစီးစွာ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားသူများအနေဖြင့် Tha Khin Web Service ၏ Page Messenger, Viber (09 774946372) တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။


လျှောက်ထားရာတွင် တစုံတရာ အခက်အခဲရှိပါက Tha Khin Web Service ၏ Page Messenger (or) Viber Account (09 774946372) သို့ဆက်သွယ်နိုင်ပါသည်။