ရှေ့ သတင်းပါတ်တွေတုန်းက E-commerce website တွေရဲ့ အလုပ်လုပ်ဆောင်ပုံတွေကို ဖော်ပြပေးခဲ့ပါတယ်။ ဒီ တစ်ပါတ်မှာတော့ E-commerce website တွေမှာ တင်ပြီး ရောင်းချနိုင်မယ့် Products အမျိုးအစားများအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Product အမျိုးအစားတွေ အများအပြားရှိပါတယ်။ ယခု ဖော်ပြပေးသွားမယ့် Product အမျိုးအစားတွေကတော့
- Simple Product
- Variable Product
- Group Product
- Downloadable Product (Digital Product)
- External Product (Affiliate Product)
စတဲ့ Product အမျိုးအစားများအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
1. Simple Product
Simple products တွေကတော့ E-commerce website တွေရဲ့ အခြေခံအကျဆုံး Product အမျိုးအစား ဖြစ်ပြီး သူ့ရဲ့နာမည်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့သာမာန် Product တွေကိုပြောတာဖြစ်ပါတယ်။ Simple products တွေမှာ Product တွေရဲ့ အခြေခံ Information တွေဖြစ်တဲ့ Product Name, Price, Product Photo, Product Category, Short Description, Main Description စတာတွေ ပါဝင်လေ့ရှိပါတယ်။ Product ရဲ့ Stock ကို ထည့်သွင်းထားချင်ရင်လည်း ရပါတယ်။ (အောက်မှာဆက်လက်ဖော်ပြမယ့် အခြား Product အမျိုးအစားတွေမှာလည်း ဒီအချက်တွေဟာ အခြေခံအနေနဲ့ ပါဝင်ရပါတယ်။) Short Description မှာ Product အကြောင်းကို အတိုချုံးမိတ်ဆက်သဘောမျိုးရေးပေးရမှာဖြစ်ပြီး Product Photos တွေနဲ့အတူ ယှဉ်တွဲဖော်ပြလေ့ရှိပါတယ်။ ဆိုလိုတာက Short Description က ပိုပြီး မြင်သာတဲ့ နေရာမှာပြလေ့ရှိပါတယ်။ ဝယ်သူတစ်ယောက်က Product တစ်ခုကိုဝင်ကြည့်တဲ့အခါ Product ပုံနဲ့အတူ Short Description ကိုအရင်မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Short Description ကို သေသေချာချာလေးရေးထားသင့်ပါတယ်။
ဝယ်သူက Product ပုံကို အရင်ကြည့်မယ်။ ပြီးရင် Short Description ကိုဖတ်မယ်၊ စိတ်ဝင်စားမှ Main Description မှာ သူသိချင်တဲ့အချက်တွေကို ဆက်ပြီး ဝင်ရောက်ဖတ်ရှုမှာဖြစ်ပါတယ်။ Main Description မှာကတော့ ဝယ်သူတွေသိသင့်တဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးရမှာဖြစ်ပါတယ်။ ဒါမှ ဝယ်သူတစ်ယောက်က သူသိချင်တာတွေပြည့်ပြည့်စုံစုံ သိရှိနိုင်ပြီး တစ်ခါတည်း Order တင်သွားနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် ရောင်းချသူဆီကို ဆက်သွယ်မေးမြန်းပြီးမှ ဝယ်ယူရဲမှာဖြစ်ပါတယ်။ အဲ့လိုဆို ဝယ်သူအတွက်ရော ရောင်းချသူအတွက်ပါ အလုပ်ပိုသွားနိုင်ပါတယ်။ ခုပြောတဲ့ Short Description နဲ့ Main Description တွေဟာ မိမိရောင်းချမယ့် Product ပေါ်မူတည်ပြီး ရေးဖို့မလိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ တချို့ Product တွေက ဓာတ်ပုံနဲ့ ဈေးနှုန်းကြည့်ပြီး ဝယ်မယ်၊ မဝယ်ဘူးဆုံးဖြတ်နိုင်ကြတာတွေလည်းရှိပါတယ်။
2. Variable Product
Variable product တွေကတော့ Simple Product တွေထက် ပိုအဆင့်မြင့်တယ်လို့ပြောရပါမယ်။ Product တစ်ခုတည်းမှာ Variation တွေထည့်ထားတာကိုပြောတာဖြစ်ပါတယ်။ ဥပမာ Product က အင်္ကျီရောင်းတာလို့ထားပါတော့။ ဒီအင်္ကျီတစ်မျိုးတည်းကို အဖြူ ၊ အနီ ၊ အဝါ စသည့်ဖြင့် အရောင်အများကြီးရှိမယ်၊ Size ကလည်း Small (S), Medium (M), Large (L) စသည်ဖြင့် အမျိုးမျိုးရှိမယ်ဆိုရင် Simple Product နဲ့ သိပ်အဆင်မပြေတော့ပါဘူး။ ဝယ်သူတင်လိုက်တဲ့ Order တစ်ခုဟာ ဘယ်အရောင် ဘယ် Size ကို ဝယ်ချင်တာလဲဆိုတာ ခွဲခြားမသိနိုင်တော့ပါဘူး။ အဲ့ဒါမျိုးဆိုရင် ခုလို Variable Product ကိုအသုံးပြုပြီး Product တစ်ခုတည်းမှာ Option တွေအများကြီးခွဲထားနိုင်ပါတယ်။ ဝယ်သူက Order တင်တဲ့အခါ အင်္ကျီဆိုတဲ့ Product တစ်ခုတည်းမှာ အဖြူ၊ အနီ၊ အဝါ ဘယ်အရောင်ကိုယူမှာလဲ၊ Size ကရော ဘယ် Size လဲဆိုပြီး Options တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Variable Product မှာ Variation အမျိုးမျိုးကိုလိုအပ်သလို ထည့်သွင်းနိုင်ပါတယ်။ Color နဲ့ Size တို့တင်မကဘဲ အခြား Variations တွေကိုပါထည့်သွင်းနိုင်ပါတယ်။ သူ့ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Variation တစ်ခုချင်းစီရဲ့ ဈေးနှုန်းတွေကိုခွဲခြားသတ်မှတ်နိုင်ပါတယ်။ ဥပမာ အနီရောင်က ဈေးနှုန်း ဘယ်လောက်၊ အဖြုရောင်က ဘယ်လောက် စသည်ဖြင့်ခွဲခြားထားလို့ရပါတယ်။ အနီရောင်မှာမှ S size က ဘယ်လောက်၊ M size ကဘယ်လောက် စသည်ဖြင့်ခွဲခြားနိုင်ပါသေးတယ်။
3. Group Product
ဒီ Product အမျိုးအစားကတော့ သူ့ရဲ့ နာမည်အတိုင်းပဲ အတူယှဉ်တွဲ အသုံးပြုရတတ်တဲ့ Product များကို Group လုပ်ပြီးရောင်းချတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဥပမာ အင်္ကျီ နဲ့ ဘောင်းဘီ ရောင်းတယ်ဆိုပါစို့။ အင်္ကျီဆိုတဲ့ Product တစ်ခုရယ်၊ ဘောင်းဘီဆိုတဲ့ Product တစ်ခုရယ် သပ်သပ်စီ အရင်တင်ထားရပါမယ်။ ပြီးတော့မှ အဲ့ Product နှစ်ခုပါဝင်တဲ့ Group product တစ်ခုကို ဖန်တီးရတာဖြစ်ပါတယ်။ ဝယ်သူတွေအနေနဲ့ Product တစ်ခုကိုဝယ်ရင်းနဲ့ အတူယှဉ်တွဲအသုံးပြုသင့်တဲ့ အခြား Product တစ်ခုကိုပါတစ်ပါတည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ ဘောင်းဘီတစ်ထည်ဝယ်ရင်းနဲ့ ၎င်းနဲ့လိုက်ဖက်မယ့် အင်္ကျီကိုပါအလွယ်တကူတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ရောင်းချသူတစ်ယောက်အတွက်ကျတော့ ဘောင်းဘီအပြင် အင်္ကျီကိုပါအပိုထပ်ဆောင်းရောင်းချရနိုင်မယ့် အခွင့်အရေးကို ရရှိစေပါတယ်။
4. Downloadable Product (Digital Product)
ဒီ Product အမျိုးအစားကတော့ အပြင်မှာ ကိုင်တွယ်လို့မရတဲ့ Digital products တွေကိုပြောတာဖြစ်ပါတယ်။ ဝယ်သူတွေက Order တင် ဝယ်ယူပြီးတဲ့အခါ Download ပြုလုပ်ပြီး အသုံးပြုရတဲ့ Products များဖြစ်ပါတယ်။ ဥပမာ ဓာတ်ပုံတွေ၊ Softwares တွေ၊ E-books တွေ စတာတွေကိုပြောတာဖြစ်ပါတယ်။
5. External Product (Affiliate Product)
ဒီ Product အမျိုးအစားကတော့ မြန်မာနိုင်ငံမှာ တော်တော်လေးအသုံးနည်းလိမ့်မယ်ထင်ပါတယ်။ Affiliate စနစ်ကိုအသုံးပြုကြတာလည်း သိပ်မတွေ့ရသေးပါဘူး။ (တကယ်တမ်းတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။) ဒီ Product အမျိုးအစားက ကိုယ်ပိုင် Product တစ်ခုမဟုတ်ဘဲ တခြားသူရဲ့ Product ကို ကိုယ့်ရဲ့ E-commerce website ပေါ်မှာတင်ပြီးရောင်းချပေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် External product လို့လည်းပြောတာဖြစ်ပါတယ်။ ဒီလိုရောင်းချခြင်းအားဖြင့် ရောင်းချရတဲ့အပေါ်မှာ % တစ်ခုရရှိမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ်တိုင်ငွေအရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ ဝင်ငွေတစ်ခုရရှိနိုင်မှာဖြစ်ပါတယ်။
ကျွနတော်တို့ Tha Khin Web Service ကနေရေးဆွဲပေးနေတဲ့ (400,000 ကျပ်တန်အပါအဝင်) E-commerce website တွေမှာ ဒီလို Product မျိုးတွေကိုတင်ပြီးရောင်းချနိုင်ပါတယ်။
ယခု ဖော်ပြပေးခဲ့တဲ့ Product အမျိုးအစားတွေဟာ Online ကနေရောင်းချနေတဲ့ လုပ်ငန်းရှင်အများစုအတွက် ရည်ရွယ်ပြီး ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ မပါဝင်သေးတဲ့ Specialized product တွေအမျိုးမျိုးရှိနိုင်ပါသေးတယ်။ လူကြီးမင်းတို့ ရောင်းချချင်တဲ့ Product မျိုးက ဒီထဲမှာ မပါဝင်သေးဘူးဆိုရင်တော့ Contact Page မှာ ဖော်ပြထားတဲ့ Phone Numbers များ (သို့မဟုတ်) Facebook Page သို့ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
Last updated on