cst freelance 2

ချိတ်ဆက်သူ (Freelance Sales Partner) Program

Client ဖုန်းနံပါတ်ပေး 50,000 ကျပ်ယူ “ချိတ်ဆက်သူ”

မင်္ဂလာရှိတဲ့ ခုလို နှစ်ဦးပိုင်းလေးမှာ အားလုံးအတွက်အကျိုးရှိစေမယ့် အစီအစဉ်လေးတစ်ခုကို စတင်ချင်ပါတယ်။

ဒီ အစီအစဉ်မှာ ပါဝင်သူများအနေနဲ့ Website ဖန်တီးချင်တဲ့ Client များနဲ့ ကျွန်တော်တို့ Tha Khin Web Service ကို ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်။ ချိတ်ဆက်ပေးတယ်ဆိုတဲ့အခါမှာ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ကိုယ်နဲ့ အသိတွေထဲက ဒါမှမဟုတ် ကိုယ်အလုပ်လုပ်တဲ့ Company က Website လုပ်ချင်တဲ့အခါတွေမှာ ချိတ်ဆက်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း Facebook မှာ Post တင်ပြီးရှာလို့လည်းရပါတယ်။ စိတ်ဝင်စားလို့မေးတဲ့လူရှိလာရင် ဖုန်းနံပါတ်ဖြစ်ဖြစ်ဆက်သွယ်လို့ရမယ့် အချက်အလက်တစ်ခုခုကိုတောင်းပြီး ကျွန်တော်တို့ Tha Khin Web Service ကိုပေးရုံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ဆက်သွယ်ဆွေးနွေးရင်းနဲ့ Client က အလုပ်အပ်ဖြစ်တယ်ဆိုရင် ချိတ်ဆက်သူဟာ သတ်မှတ်ထားတဲ့ ခံစားခွင့်ကိုရရှိမှာဖြစ်ပါတယ်။

ခံစားခွင့်အနေနဲ့ Client တစ်ယောက်ရတိုင်း 50,000 ကျပ် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ နှစ်စဉ်ကြေးခံစားခွင့်ကိုပါထည့်သွင်းစီစဉ်ပေးထားတဲ့အတွက် Passive Income ပါ ရရှိနိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်ကြေးခံစားခွင့်ရဖို့အတွက်ကတော့ လိုအပ်တဲ့သတ်မှတ်ချက်အနည်းငယ်တော့ရှိပါလိမ့်မယ်ဗျ။

ချိတ်ဆက်သူ (Freelance Sales Partner) အဖြစ်စာရင်းပေးသွင်းဖို့ ဘာတွေလိုအပ်မလဲ?

  1. နာမည်
  2. ဖုန်းနံပါတ် (Viber အကောင့်ရှိရမည်။)
  3. Gmail လိပ်စာ

ဒီ ၃ ချက်ရှိရင် ပါဝင်လို့ရမှာဖြစ်ပြီး ကုန်ကျစရိတ်လုံးဝမရှိပါဘူး။ ခုလို အရင်းအနှီးလည်းမလိုအပ်ဘဲ အလွယ်တကူနဲ့ တဖက်တလမ်းကဝင်ငွေရရှိနိုင်မယ့် အခွင့်ရေးဖြစ်လို့ အားလုံးကိုပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားသူများ အောက်ပါ ခလုတ်ကိုနှိပ်၍ ဝင်ရောက် Form တင်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

Last updated on

Website အတွက် ခန့်မှန်းခြေကုန်ကျစရိတ်ကို ကိုယ်တိုင်ဝင်ရောက်တွက်ချက်ကြည့်နိုင်ပါတယ်။Estimate Cost