ယနေ့ခေတ် လုပ်ငန်းတိုင်းမှာ ကိုယ်ပိုင် Website တစ်ခုလိုအပ်နေပါပြီ။
သင့်လုပ်ငန်းမှာ ကိုယ်ပိုင် Website တစ်ခုရှိထားမယ်ဆိုရင် ဘာတွေ ပိုပြီးအကျိုးရှိလာနိုင်မလဲ ?
- ပထမဆုံးနဲ့အရေးအကြီးဆုံးလို့ယူဆတဲ့အချက်ကတော့ Brand Image ပါ။ အဆင့်မှီ လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နေပြီဆိုရင် Website တစ်ခုရှိသင့်နေပါပြီ။ တစ်စုံတစ်ယောက်က ကိုယ့်လုပ်ငန်းရဲ့ Website လိပ်စာ တောင်းလာတဲ့အခါ မပေးနိုင်ဘူးဆိုရင် ကိုယ့်လုပ်ငန်းအပေါ် ဘယ်လိုထင်မြင်သွားနိုင်မလဲ ခန့်မှန်းကြည့်နိုင်ပါတယ်။
- နောက်တစ်ခုက Email သုံးတဲ့အခါမှာလဲ ဒီလိုပါပဲ။ Gmail နဲ့ပို့တဲ့ Company နဲ့ ကိုယ်ပိုင် Business Email နဲ့ပို့တဲ့ Company တစ်ဘက်လူရဲ့အမြင်မှာ Image ချင်း ကွာခြားသွားပါတယ်။
- Website က Customers တွေနဲ့ထိတွေနိုင်မှုကိုလည်း များစွာထိရောက်မှုရှိစေပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေကို တစ်ကမ္ဘာလုံးကမည်သူမဆို အချိန်မရွေးဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Facebook Page ရှိတာနဲ့ Website ရှိတာကွာခြားတယ်ဆိုတာကိုသတိထားစေချင်ပါတယ်။ Facebook Page ကိုဝင်ကြည့်ရုံနဲ့ လုပ်ငန်းတစ်ခုအကြောင်းကို သေသေချာချာသိနိုင်ဖို့မလွယ်ပါဘူး။ Contact Information လောက်နဲ့ တင်ထားတဲ့ Post တွေကိုပဲတွေ့ရမှာပါ။ ကိုယ်ပိုင် Website တစ်ခုမှာတော့ ကိုယ်လိုသလို၊ ကိုယ်သိစေချင်တဲ့ Information တွေကို စိတ်ကြိုက် ဖော်ပြထားလို့ရပါတယ်။
- ကိုယ်ပိုင် Website ကြောင့် ကုန်ကျစရိတ်သက်သက်သာသာနဲ့ Customer တွေနဲ့ထိတွေ့နိုင်ပါတယ်။ အပြင်မှာ Show Room တစ်ခုပြလို့ ကုန်ကျမယ့်ကုန်ကျစရိတ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်များစွာကွာခြားပါတယ်။ ပုံမှန် Website တစ်ခုကို 4 သိန်းကျပ် ခန့်ပဲကုန်ကျပါတယ်။
- Website ထဲမှာ ကိုယ့်လုပ်ငန်းအတွက် လိုအပ်မယ့် Function တွေကို လိုအပ်သလိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Ecommerce Website လိုမျိုး Product တွေတင်ပြီးရောင်းချင်လား၊ Hotel အတွက်အခန်း Booking လက်ခံဖို့လား၊ Online Class တွေနဲ့ စာသင်တဲ့ Website မျိုးလုပ်ချင်လား Function အမျိုးမျိုး ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
- လုပ်ငန်းအမျိုးအစားအလိုက် ဝန်ထမ်းတွေအသုံးပြုပြီးပြုလုပ်ရမယ့်နေရာမှာ Automation System တွေကိုအသုံးပြုနိုင်မှာမို့ Man Power နဲ့ Cost တွေကိုလည်း လျှော့ချနိုင်ပါတယ်။
အထက်ပါအချက်တွေအပြင် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး အခြားအားသာချက်များစွာကိုလည်းရရှိနိုင်ပါသေးတယ်။ ကုန်ကျစရိတ်က အရင်လိုမဟုတ်ဘဲ များစွာသက်သာနေပြီမို့ သင့်လုပ်ငန်းအတွက် ဒါတွေမလုပ်ထားဘူးဆိုရင် သင့် Competitors တွေက ကျော်တက်သွားနိုင်တယ်ဆိုတာ သတိချပ်နေဖို့အရေးကြီးပါတယ်။
သင့်လုပ်ငန်းသုံး Website အတွက် ခန့်မှန်းခြေကုန်ကျစရိတ်ကို တွက်ချက်နိုင်ရန်အတွက် အောက်ပါ Button ကိုနှိပ်ပါ။