web for business

Own Website for a Business

ကိုယ်ပိုင် Website တစ်ခုရှိခြင်းက စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ဒီ Post မှာတော့ Website တစ်ခုရှိခြင်းရဲ့အကျိုးကျေးဇူးတွေထဲက Online Presentation နဲ့ပတ်သတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ဒီနေ့ နည်းပညာခေတ်မှာ လူတိုင်းက တစ်ခုခုသိချင်လာပြီဆိုရင် အရင်ဆုံး Online မှာအလွယ်တကူ ဝင်ရောက်ရှာဖွေကြပါတယ်။ ကိုယ့်လုပ်ငန်း၊ ကိုယ့် company အကြောင်းကို သိချင်ကြတဲ့ Customers တွေအလွယ်တကူဝင်ရောက်ရှာဖွေနိုင်ဖို့ လုပ်ငန်းတိုင်မှာ ကိုယ်ပိုင် Website တစ်ခုရှိထားသင့်ပါတယ်။ ကိုယ်ပိုင် Website တစ်ခုရှိခြင်းက သင့်လုပ်ငန်းကို Customers များနဲ့ 24 နာရီပတ်လုံး ထိတွေ့နိုင်စေမယ့်အပြင် တကမ္ဘာလုံးက Customers တွေလာရောက်ကြည့်ရှုနိုင်မယ့် Virtual Showroom အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။

Social Media တွေနဲ့ ကွားခြားချက်

ဒီနေရာမှာ ကုန်ကျစရိတ်မရှိတဲ့ Social Media ကိုအသုံးပြုရင်လည်းရတာပဲလို့ တွေးစရာရှိပါတယ်။ မှန်ပါတယ် လူသုံးများတဲ့ Social Media တွေကို ကျွန်တော်တို့ လက်လွှတ်လို့လုံးဝမရပါဘူး။ ဒါပေမယ့် Social Media ဆိုတာက ကိုယ်ပိုင် Platform တစ်ခုမဟုတ်တဲ့အတွက် ကိုယ့်စိတ်တိုင်းကျစီမံပိုင်ခွင့်မှာ အကန့်အသတ်တွေရှိနေပါတယ်။ ဒါတွေကို ကျော်လွန်နိုင်ဖို့အတွက် ကိုယ်ပိုင် Website တစ်ခုရှိဖို့လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့ Branding အရလည်း ကိုယ်ပိုင် Website ရှိခြင်းက သိသိသာသာ ကွာခြားသွားစေပါတယ်။

ကိုယ်ပိုင် Website တစ်ခုပိုင်ဆိုင်ဖို့နဲ့ Manage လုပ်ဖို့ အလွန်လွယ်ကူနေပါပြီ။

ဒီနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကိုယ်ပိုင် Website တစ်ခုပိုင်ဆိုင်နိုင်ဖို့နဲ့ Manage လုပ်ဖို့ဆိုတာ အလွန်ကိုလွယ်ကူနေပါပြီ။ ကုန်ကျစရိတ်ကလည်း လုပ်ငန်းအသေးစားလေးတွေကအစ လက်လှန်းမှီတဲ့အထိ (400,000 Ks) သက်သာနေပြီဖြစ်သလို Website တစ်ခုကို Manage လုပ်ဖို့အတွက်ကလည်း Computer Basic လောက်တတ်ရင်ကို ရတဲ့အထိ လွယ်ကူနေပြီဖြစ်ပါတယ်။

မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Website တစ်ခုဖန်တီးဖို့ စိတ်ကူးရှိတယ်ဆိုရင် ကျွန်တော်တို့ Tha Khin Web Service ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေတို့သိချင်တာတွေအားလုံး စိတ်ရှည်လက်ရှည်ဖြေကြားပေးဖို့အတွက် Ready ရှိနေပါမယ်ခင်ဗျာ။

အကယ်၍ မိတ်ဆွေက Online ကနေရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်နေတယ်ဆိုရင် အောက်ပါ Post လေးတွေကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

E-commerce Website ဆိုတာ ဘာလဲ? (အပိုင်း ၁)

E-commerce Website ဆိုတာ ဘာလဲ? (အပိုင်း ၂)

Last updated on

Website အတွက် ခန့်မှန်းခြေကုန်ကျစရိတ်ကို ကိုယ်တိုင်ဝင်ရောက်တွက်ချက်ကြည့်နိုင်ပါတယ်။Estimate Cost