အပိုင်း – ၁ မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေက ဝယ်သူတွေအတွက်ရော လုပ်ငန်းရှင်တွေအတွက်ရော ရည်ရွယ်ဖော်ပြပေးခဲ့တာဖြစ်ပြီး ဒီ အပိုင်း – ၂ မှာ ဖော်ပြမယ့် အကြောင်းအရာတွေကတော့ သာမန်ဝယ်သူတွေအတွက်မဟုတ်ဘဲ ကိုယ်ပိုင် E-commerce website တစ်ခုပြုလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက်ရည်ရွယ်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အပိုင်း – ၂ ဖြစ်တဲ့အတွက် အပိုင်း – ၁ ကိုဖတ်ပြီးမှ ဒါကို ဆက်ဖတ်တာပိုကောင်းပါလိမ့်မယ်ခင်ဗျာ။ (အပိုင်း – ၁ ကိုဖတ်ရန် ဤ Link ကိုနှိပ်ပါ။)
အပိုင်း – ၁ မှာတုန်းက ဝယ်သူတွေအနေနဲ့ E-commerce website တစ်ခုကနေ ပစ္စည်းဝယ်ယူတဲ့အခါ လုပ်ဆောင်ရမယ့်အဆင့်လေးတွေနဲ့အတူ –
- Products (ထုတ်ကုန်များ)
- Product Category (ထုတ်ကုန်များကို တူရာ အုပ်စုအလိုက်ခွဲထားနိုင်ခြင်း)
- Cart (ဈေးခြင်းတောင်း)
- Checkout (Order တင်ခြင်းနှင့် ငွေရှင်းခြင်း)
- Payment Methods (ငွေပေးချေမှုစနစ်များ)
- Search Function (Product များ အလွယ်တကူရှာဖွေနိုင်ခြင်း)
စတဲ့အကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။
ဒီ E-commerce website အကြောင်း အပိုင်း – ၂ မှာတော့
7. Inventory & Stock Management
လုပ်ငန်းရှင်တွေအနေနဲ့ Website ထဲမှာ product တစ်ခုချင်းစီရဲ့ Stock တွေကိုပါထည့်သွင်းထားနိုင်ပါတယ်။ ဥပမာ Product တစ်ခုက Stock အခုရေ 50 ရှိတယ်ဆိုရင် သူ့ရဲ့ Stock နေရာမှာ 50 လို့ရိုက်ထည့်ထားလို့ရပါတယ်။ ဝယ်သူတွေအနေနဲ့လည်း ဒီ Product ကိုဝင်ကြည့်တဲ့အခါမှာ Stock 50 ရှိသေးတာကို မြင်နိုင်ပါတယ်။ (မမြင်စေချင်ရင် ပိတ်ထားလို့လည်းရပါတယ်။) ဝယ်သူတွေ ဒီ Product ကို ဝယ်သွားတိုင်းမှာ Stock အရေအတွက်ကို System က Auto နှုတ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့လို နှုတ်သွားရင်းနဲ့နောက်ဆုံး 50 လုံး Stock ကုန်သွားတဲ့အခါမှာ အဲ့ Product က Out of stock ဆိုပြီးပြသွားမှာဖြစ်ပြီးတော့ ဝယ်သူတွေအနေနဲ့ ဒီ Product ကိုထပ်ဝယ်လို့ရမှာမဟုတ်တော့ပါဘူး။ လုပ်ငန်းရှင်ဘက်က Stock ပြန်ရှိလို့ Stock နေရာမှာ အမောင့်တစ်ခုပြန်ဖြည့်လိုက်တော့မှသာ ဝယ်သူတွေအနေနဲ့ပြန်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ဒါက Stock Management လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက်လုပ်လို့ရတယ်ဆိုတာကိုပြောပြပေးတာဖြစ်ပြီး Stock Management မလုပ်ချင်တဲ့သူတွေအတွက်လည်း ဒါတွေကိုမလုပ်ဘဲနဲ့ ရောင်းချလို့ရပါတယ်။ အဲ့ဒါဆိုရင်တော့ Product တွေကအမြဲ In Stock ပြနေမှာ ဖြစ်ပြီး အကယ်၍ ကိုယ့်ဆိုင်မှာ Stock ကုန်သွားတဲ့အခါမှာတော့ အဲ့ Product ကို Out of stock အဖြစ်ပြောင်းပေးရမှာဖြစ်ပါတယ်။
8. Delivery Zones & Delivery Charges
ဒီလို Website တွေမှာ ဝယ်သူရဲ့ လိပ်စာပေါ်မူတည်ပြီး Delivery charges ကိုပါ တစ်ခါတည်းတွက်ချက်ပေးနိုင်ပါတယ်။ အဲ့လိုတွက်ချက်ပေးနိုင်ဖို့ Setting ထဲမှာ တိုင်းနဲ့ပြည်နယ်အလိုက် Delivery Zones တွေ သတ်မှတ်ပြီး Zones တွေအလိုက် Delivery charges တွေ သတ်မှတ်ပေးထားလို့ရပါတယ်။ ဝယ်ယူတဲ့ တန်ဖိုးပေါ်မူတည်ပြီး သတ်မှတ်ချက်ကျော်ပါက Delivery Free ပေးလို့လည်းရပါသေးတယ်။ ဥပမာ – 30,000 ကျပ်နဲ့အထက် ဝယ်ယူပါက Delivery Free အဖြစ် Setting ချထားလို့ရပါတယ်။ အဲ့ဒါဆိုရင် ဝယ်သူက Checkout လုပ်တဲ့အဆင့်မှာ ဝယ်ယူတဲ့ တန်ဖိုး 30,000 ဖိုးကျော်နေမယ်ဆိုရင် Delivery charges က 0 ဖြစ်သွားမှာဖြစ်ပြီး၊ 30,000 ဖိုးမပြည့်ပါက ပုံမှန်အတိုင်း Delivery charges ကိုထည့်တွက်ပေးသွားမှာဖြစ်ပါတယ်။
(မှတ်ချက် – တကယ်တော့ Delivery အပိုင်းမှာ တခြားရှုပ်ထွေးတဲ့ Setting တွေနဲ့အတူ လုပ်လို့ရတာတွေများစွာရှိပါသေးတယ်။ ဒါပေမယ့်အဲ့ဒါတွေက လုပ်ငန်းရှင် အများစုအတွက် မလိုအပ်သလို ထည့်သွင်းဖော်ပြမယ်ဆိုရင် ရှုပ်ထွေးသွားနိုင်တာကြောင့် မဖော်ပြတော့ပါဘူးခင်ဗျာ။ စကားလုံးအနေနဲ့လည်း Website တွေမှာက “Delivery” ဆိုတဲ့ စကားလုံးအစား “Shipping” ဆိုတဲ့ စကားလုံးကို သုံးလေ့ရှိပါတယ်။ Shipping zones, Shipping fees ဆိုတဲ့ စကားလုံးတွေကိုပိုသုံးလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာကတော့ အများစုက Delivery ဆိုတဲ့စကားလုံးနဲ့ပိုရင်နှီးကြတာကြောင့် ဒီနေရာမှာ သုံးထားတာဖြစ်ပါတယ်။)
9. Admin Dashboard & Order Management
လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ပိုင် Website တစ်ခုဖန်တီးပြီးတဲ့အခါမှာ ဒီ Website နဲ့ Product တွေကို Manage လုပ်ဖို့ Admin Dashboard တစ်ခုရရှိမှာဖြစ်ပါတယ်။ အဲ့ဒီ Dashboard ကနေ Website နဲ့ပတ်သတ်တာအားလုံးကို Manage လုပ်ရမှာဖြစ်ပါတယ်။ မိမိရဲ့ Product တွေအသစ်တင်တာ၊ ပြန်ပြင်တာ၊ ပြန်ဖျက်တာ စတာတွေအကုန်လုံးလုပ်လို့ရသလို၊ ဝယ်သူတွေတင်ထားတဲ့ Order တွေကိုလည်း အဲ့ဒီကနေစစ်ဆေးလို့ရပါတယ်။ Order တစ်ခုချင်းစီမှာ ဝယ်သူအမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ဝယ်ယူထားတဲ့ ပစ္စည်း နဲ့ ဝယ်ယူထားတဲ့ပစ္စည်းအရေအတွက်၊ ဝယ်ယူထားတဲ့ တန်ဖိုးငွေက ဘယ်လောက် စသည်ဖြင့် အသေးစိတ်ကိုကြည့်လို့ရပါတယ်။ ဒါတွေကိုနေ့စဉ်စစ်ဆေးပြီး ဝယ်သူတွေဆီကိုပို့ဆောင်ပေးရမှာဖြစ်ပါတယ်။
10. Discount Coupon (Coupon code)
လုပ်ငန်းရှင်တွေအနေနဲ့ Promotion တွေလုပ်ဆောင်တဲ့အခါမှာ မိမိကြိုက်နှစ်သက်ရာ Coupon Code ကိုသုံးပြီး Discount Coupon တွေကို လိုအပ်သလို ဖန်တီးလို့ရပါတယ်။ ဥပမာ – “TK2023” ဆိုတဲ့ Coupon code တစ်ခုကို Create လုပ်ပြီး ဒီ Code ကိုသုံးပြီး Order တင်ရင် 5% Discount ရမယ် (သို့မဟုတ်) 10% Discount ရမယ် စသည်ဖြင့် ဖန်တီးလို့ရပါတယ်။ ဝယ်သူတွေ Order တင်တဲ့အခါမှာ အဲ့ဒီ Code ကိုရိုက်ထည့်လိုက်ရင် ကျသင့်ငွေထဲကနေ သတ်မှတ်ထားတဲ့ Discount ကိုနှုတ်ပေးသွားမှာဖြစ်ပါတယ်။
ယခု အပိုင်း – ၁ နဲ့ အပိုင်း -၂ မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ E-commerce website တစ်ခုမှာ အခြေခံအနေနဲ့ ပါဝင်တတ်တဲ့အကြောင်းအရာတွေကို ဖော်ပြခဲ့တာဖြစ်ပြီး လုပ်ငန်းတစ်ခုချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်၍ ထပ်မံထည့်သွင်းအသုံးပြုလို့ရတဲ့ Functions တွေများစွာရှိပါသေးတယ်။
ကျွန်တော်တို့ Tha Khin Web Service ကနေရေးဆွဲပေးနေတဲ့ E-commerce website တွေမှာဆိုရင် အနိမ့်ဆုံး Package ဖြစ်တဲ့ 400,000 ကျပ်တန် Website မှာတောင် ယခုဖော်ပြခဲ့တဲ့ Functions တွေအားလုံး ပါဝင်မှာဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ Functions တွေအပြင် အခြား Functions များအကြောင်းကိုတော့ နောက်ပိုင်းမှာ အလျင်းသင့်သလို ဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျာ။
Last updated on