E-commerce Website ဆိုတာ လုပ်ငန်းတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်တွေကို Online ပေါ်ကနေ လွယ်ကူလျင်မြန်စွာရောင်းချနိုင်ဖို့အတွက် IT နည်းပညာကိုအသုံးပြုပြီး ဖန်တီးထားတဲ့ ကိုယ်ပိုင် Platform (Website) တစ်ခုလို့ပြောလို့ရပါတယ်။ ကိုယ်ပိုင် Platform ဖြစ်တဲ့အတွက် မိမိရဲ့ E-commerce website ကို မိမိစိတ်တိုင်းကျ စီမံနိုင်ပါတယ်။ Social Media တွေမှာလို Limitation တွေလည်းမရှိတော့ပါဘူး။
မိမိတို့ရဲ့ ထုတ်ကုန်တွေကို ဓာတ်ပုံ၊ Details အချက်အလက်များနဲ့အတူ မိမိရဲ့ E-commerce website မှာတင်ထားနိုင်ပြီး၊ Customers တွေက သူတို့အလိုရှိတဲ့ Products တွေကို သူတို့အလိုရှိတဲ့အချိန် (24 hr) ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။ Customer တစ်ယောက်က Order တင်ပြီဆိုတာနဲ့ Order Form မှာ ၎င်းတို့ရဲ့ နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို တခါတည်းဖြည့်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Order တစ်ခုလက်ခံဖို့အတွက် Customers တွေနဲ့အပြန်အလှန် ပြောဆိုနေရတဲ့ (Customer တွေရဲ့ လိပ်စာနဲ့ အချက်အလက်မေးရတာ၊ ဘယ်ပစ္စည်းကိုမှာတာလဲမေးရတာ စတဲ့) Workload တွေလျော့ကျသွားမှာဖြစ်ပါတယ်။ နေ့စဉ် မိမိ E-commerce website ထဲမှာ တက်လာတဲ့ Order List တွေကို စစ်ဆေးပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတာ သို့မဟုတ် Delivery service ထံအပ်နှံပေးတာတွေ လုပ်ဆောင်ပေးရုံပဲဖြစ်ပါတယ်။
E-commerce website တစ်ခုမှာ အောက်ပါအချက်အလက်များ ပါဝင်လေ့ရှိပါတယ်။
1. Products / ထုတ်ကုန်များ
E-commerce website တစ်ခုမှာ မဖြစ်မနေပါရမှာကတော့ Products (ထုတ်ကုန်) တွေဖြစ်ပါတယ်။ Product တစ်ခုချင်းရဲ့အချက်အလက်တွေကို ဓာတ်ပုံတွေနဲ့အတူ Product မိတ်ဆက် အနေနဲ့ Product Short Description ၊ Product အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားတဲ့ Product Main Description, ဈေးနှုန်း စသည်ဖြင့် ပြည့်ပြည့်စုံစုံတင်ပေးထားနိုင်ပါတယ်။ ဝယ်သူတစ်ယောက်ဝင်ကြည့်လိုက်တဲ့အချိန်မှာ ဒီ Product နဲ့ပတ်သတ်ပြီး သိသင့်တာအားလုံးသိနိုင်အောင်တင်ပေးထားနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှဝယ်သူအနေနဲ့ တစ်ခါတည်း Order တင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ Product တစ်ခုရဲ့သဘောသဘာဝပေါ်မူတည်ပြီး အသေးစိတ်ရှင်းပြစရာမလိုတဲ့ Product တွေလည်းအများအပြားရှိနိုင်ပါတယ်။ တချို့ Product တွေက Product နာမည်နဲ့ တင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ရုံနဲ့ ဝယ်မယ်မဝယ်ဘူးဆုံးဖြတ်လို့ရတာတွေလည်းရှိပါတယ်။ E-commerce website တစ်ခုမှာ Simple Product, Variable Product, Downloadable Product စသည်ဖြင့် Product အမျိုးအစားများစွာခွဲလို့ရပါသေးတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ Product အမျိုးအစားတွေအကြောင်းထည့်မပြောတော့ပါဘူး။ (အရမ်းရှည်သွားမှာစိုးလို့ပါ။ Product အမျိုးအစားများအကြောင်း ဖတ်ရန် ဤ Link ကိုနှိပ်ပါ။)
2. Product Category
E-commerce website တစ်ခုမှာ မိမိရဲ့ Products တွေကို မိမိစိတ်တိုင်းကျ Category တွေအများကြီးခွဲပြီးတင်ထားနိုင်သလို Category တွေကို အဆင့်အဆင့်ခွဲပြီးလည်းတင်ထားနိုင်ပါတယ်။ ဥပမာ မိမိ Website မှာ အိတ်တွေတင်ပြီးရောင်းတယ်ဆိုပါစို့။ အိတ်တွေမှာ Category တွေ အနေနဲ့ ပိုက်ဆံအိတ်ရှိမယ်၊ ကျောပိုးအိတ်ရှိမယ်၊ ဘေးလွယ်အိတ်ရှိမယ် စသည်ဖြင့်ပေါ့နော်။ အဲ့ဒိမှာ ပိုက်ဆံအိတ် ဆိုတဲ့ Category ကိုမှ ယောက်ျားလေးသုံး၊ မိန်းကလေးသုံး စသည်ဖြင့်ထပ်ခွဲလို့ရသလို၊ ယောက်ျားလေးသုံးပိုက်ဆံအိတ် ကိုထပ်ပြီး ခေါက်အိတ်(Bifold Wallet) နဲ့ အရှည်အိတ် (Long Wallet) စသည်ဖြင့်ထပ်ခွဲလို့ရပါသေးတယ်။ အဲ့လိုပဲ ခေါက်အိတ်ကိုမှ ထပ်ပြီး နောက်တစ်ဆင့်ခွဲချင်ရင် ထပ်ခွဲလို့ရပါသေးတယ်။ အဲ့လိုမျိုး အဆင့်ဆင့်ခွဲသွားလို့ရပါတယ်။ ဒါပေမယ့် ဒါတွေကိုလုပ်လို့ရတယ်ဆိုတာကိုပဲပြောပြတာဖြစ်ပါတယ်။ Category တွေကို စိတ်ရှိတိုင်းလိုက်ခွဲတာကိုတော့အားမပေးပါဘူးခင်ဗျာ။ ဝယ်သူတွေကြည့်တဲ့အခါမှာ အရမ်းရှုတ်ထွေးသွားနိုင်လို့ပါ။ လိုသလောက်လေးပဲ အတတ်နိုင်ဆုံး အနည်းဆုံးပဲ ခွဲတာကောင်းပါတယ်။
3. Cart (ဈေးခြင်းတောင်း)
ကျွန်တော်တို့ Shopping Center တွေမှာ ဈေးဝယ်တဲ့အခါ (သို့မဟုတ်) ကုန်စုံဆိုင်တစ်ခုမှာ ဈေးဝယ်တဲ့အခါ ဈေးဝယ်ခြင်းလေးတွေ ဆွဲပြီး (သို့မဟုတ်) တွန်းပြီး လှည့်ပတ် ဝယ်လေ့ရှိကြပါတယ်။ ကိုယ်ဝယ်ချင်တာတွေ့ရင် ဈေးခြင်းတောင်းထဲကို ထည့်ပြီးနောက်ထပ်ဝယ်မယ့် ပစ္စည်းတွေကို ရှာဖွေကြပါတယ်။ E-commerce website တစ်ခုမှာလည်း အဲ့လိုပါပဲ။ Customer တွေအတွက် Cart လို့ခေါ်တဲ့ ဈေးခြင်းတောင်း ရှိပါတယ်။ ဝယ်ချင်တဲ့ပစ္စည်းကို ဈေးခြင်းတောင်းထဲထည့်တာကို Add to card လုပ်တယ်လို့ သုံးနှုန်းပါတယ်။ E-commerce website ထဲမှာရှိတဲ့ Product တစ်ခုချင်းစီတိုင်းမှာ Add to cart button လေးတွေပေးထားလေ့ရှိပါတယ်။ ကိုယ်ဝယ်ချင်တဲ့ Product တစ်ခုတွေ့ပြီဆိုရင် အဲ့ Product မှာရှိတဲ့ Add to cart button လေးကိုနှိပ်လိုက်ရုံပါပဲ။ ဈေးခြင်းတောင်း (Cart) ထဲကို အဲ့ဒိ Product လေးရောက်ရှိသွားပြီဖြစ်ပါတယ်။ တခြားဝယ်ချင်တာရှိသေးရင် ထပ်ရှာပြီး Add to cart လုပ်လို့ရသေးသလို တခြားဝယ်ဖို့မရှိတော့ရင် ငွေချေမယ့်အဆင့် (Checkout) ကိုဆက်သွားပြီး ငွေပေးချေမှု လုပ်ရမှာဖြစ်ပါတယ်။
4. Checkout (Order တင်ခြင်းနှင့် ငွေရှင်းခြင်း)
ဒီအဆင့်မှာ ဝယ်သူက သူ့ရဲ့ အချက်အလက်တွေကို ဖြည့်ပေးရမှာဖြစ်ပါတယ်။ ဝယ်သူရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် စသည်ဖြင့် Checkout form (Order form) မှာ လိုအပ်တဲ့ အချက်အလက်တွေကို ဝယ်သူကိုဖြည့်ခိုင်းလို့ရပါတယ်။ ဝယ်သူက အဲ့ဒီ Form မှာလိုအပ်တာတွေဖြည့်ပြီးရင် ငွေပေးချေမှုစနစ်တွေထဲက သူကြိုက်နှစ်သက်ရာစနစ် တစ်ခုကိုရွေးချယ်ပြီး Place order ဆိုတဲ့ Button လေးကိုနှိပ်လိုက်ရုံပါပဲ။ အဲ့ဒါဆိုရင် Order တင်တာပြီးပါပြီ။ လိုအပ်ပါက ၎င်းရွေးချယ်ထားတဲ့ ငွေပေးချေမှုစနစ်ပေါ်မူတည်ပြီး ငွေပေးချေမှုကိုဆက်လက်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။
5. Payment Methods (ငွေပေးချေမှုစနစ်များ)
ငွေပေးချေမှုစနစ်တွေကတော့ မြောက်များစွာရှိပါတယ်။ နိုင်ငံတွေအလိုက် အသုံးပြုကြတာချင်းလည်းကွာခြားကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့အသုံးများတဲ့ Payment methods – 3 ခုအကြောင်းပြောပြချင်ပါတယ်။
- Cash On Delivery (COD)
- Bank Transfer
- E-commerce Payments
တို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ Tha Khin Web Service မှ ဖန်တီးပေးနေတဲ့ E-commerce websites တွေမှာ အထက်ပါ Payment methods – ၃ ခုထဲက Cash on delivery (COD) နဲ့ Bank Transfer , ဒီ Payment method – ၂ ခုဟာ အခြေခံအနေနဲ့ ပါဝင်ပြီးဖြစ်ပါတယ်။ ဒီ Payment method ၂ ခုဟာ အခြေခံအနေနဲ့ပါဝင်မှာ ဖြစ်တဲ့အတွက် အနိမ့်ဆုံး Package ဖြစ်တဲ့ 400,000 ကျပ်တန် E-commerce Website မှာတောင် ပါဝင်ပြီးဖြစ်ပါတယ်။ Cash on delivery ဆိုတာကတော့အားလုံးသိပြီးသားဖြစ်တဲ့ ပစ္စည်းရောက်မှ ပစ္စည်းလာပို့ပေးတဲ့သူကို ငွေပေးချေတဲ့စနစ်ဖြစ်ပါတယ်။ ငွေပေးချေမှုစနစ်မှာ Cash on delivery ကိုရွေးချယ်ပြီး Order တင်တဲ့ ဝယ်သူအနေနဲ့ကတော့ အထက်ပါ No-4 မှာ ဖော်ပြထားတဲ့ Checkout အဆင့်မှာ Place order ကိုနှိပ်လိုက်တာနဲ့ Order တင်ခြင်းကိစ္စ အားလုံးပြီးဆုံးပြီဖြစ်ပါတယ်။ ပစ္စည်းလာပို့တော့မှသာ ငွေပေးချေလိုက်ရုံပဲဖြစ်ပါတယ်။ Bank Transfer ကတော့ Mobile Banking (သို့မဟုတ်) K Pay, Wave Pay စတဲ့ Mobile Wallet တွေကနေ ငွေလွှဲပေးချေတဲ့ စနစ်ဖြစ်ပါတယ်။ Bank Transfer ကိုရွေးချယ်ပြီး Order တင်တဲ့ ဝယ်သူအနေနဲ့ကတော့ ငွေလွှဲရမယ့် Bank Account Information တွေကျလာမှာဖြစ်ပါတယ်။ ဥပမာ –
Bank | Name | Account Number |
KBZ Bank | U Phyu | 0123456789 |
K Pay | U Phyu | 09 87654321 |
AYA Bank | U Phyu | 0123456789 |
ဝယ်သူက ဒီလို ကျလာတဲ့ ဘဏ်အကောင့်တွေထဲက မိမိအဆင်ပြေတဲ့ အကောင့်တစ်ခုခုကို သက်ဆိုင်ရာ Mobile Banking (or) Mobile Wallet ကနေဝင်ရောက်ပြီး ငွေလွှဲပေးရမှာဖြစ်ပါတယ်။ ငွေလွှဲပြီးပါက ငွေလွှဲပြီးကြောင်းကို ဆက်သွယ်အကြောင်းကြားပေးဖို့လိုအပ်ပါတယ်။
နောက်ဆုံး Payment method ကတော့ E-commerce Payments တွေပဲဖြစ်ပါတယ်။ E-commerce Payments ဆိုတာ ခြုံငုံခေါ်ဆိုလိုက်တာဖြစ်ပြီး တကယ်က E-commerce Payments တွေအမျိုးမျိုးရှိပါသေးတယ်။ မြန်မာနိုင်ငံက E-commerce Payments တွေထဲမှာ MPU, K Pay စတာတွေဟာ အသုံးအများဆုံးဖြစ်နေပြီးတော့ တခြား E-commerce Payments တွေများစွာရှိပါသေးတယ်။ ဒီနေရာမှာ Bank Transfer မှာတုန်းကလည်း K Pay ပါတယ်။ ဒီ E-commerce Payment မှာလည်း K Pay ထပ်ပါတယ်။ အတူတူပဲလားလို့ တွေးမိနိုင်ပါတယ်။ လုံးဝမတူပါဘူး။ Bank Transfer မှာပါတဲ့ K Pay က ကျွန်တော်တို့သာမာန်အသုံးပြုနေကျပုံစံအတိုင်း ဝယ်သူရဲ့ K Pay Account ကနေ ရောင်းသူရဲ့ K Pay Account ထဲကို Manually ငွေလွှဲပေးရတာဖြစ်ပါတယ်။ ယနေ့ခေတ် Online ကရောင်းချနေတဲ့လုပ်ငန်းတွေအများစု အသုံးပြုနေတဲ့ပုံစံနဲ့ဆင်တူပါတယ်။ အဲ့ဒါကြောင့် ငွေလွှဲပြီးရင် ငွေလွှဲပြီးကြောင်းကို Screenshot ပို့ပြီးအကြောင်းကြားပေးဖို့လိုအပ်ပါတယ်။ E-commerce Payment မှာပါတဲ့ K Pay ကကျတော့ အသုံးပြုမယ့် ကိုယ်ပိုင် E-commerce Website နဲ့ K Pay ရဲ့ System ကို နောက်ကွယ်မှာ နည်းပညာသုံးပြီး တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါမျိုးချိတ်ဆက်ဖို့ KBZ နဲ့စာချုပ် ချုပ်ဆိုရတဲ့အပိုင်းတွေရှိသလို နည်းပညာအရလည်း ကုန်ကျစရိတ်တစ်ခုရှိပါတယ်။ E-commerce Payments တွေကလက်ရှိမှာ နည်းပညာအရအဆင့်အမြင့်ဆုံးလို့သတ်မှတ်လို့ ရသလို အသုံးပြုသူများအတွက်လည်း အဆင်ပြေဆုံးဖြစ်ပါတယ်။ Order တင်ပြီးသွားရင် ငွေပေးချေမှုအဆင့်ကို Auto ရောက်ရှိသွားမှာဖြစ်သလို ငွေပေးချေပြီးသွားရင်လည်း Bank Transfer မှာတုန်းကလို ငွေလွှဲပြီးကြောင်း အကြောင်းကြားရတာတွေ မလိုအပ်တော့ဘဲ Order တင်ခြင်းကိစ္စအားလုံးပြီးဆုံးပြီဖြစ်ပါတယ်။ လုပ်ငန်းရှင်ဘက်ကလည်း ငွေလွှဲဝင်လာဖို့စောင့်နေရတာ၊ ဝယ်သူနဲ့ အပြန်အလှန်စာပို့ဆက်သွယ်ပြောဆိုနေဖို့တွေမလိုအပ်တော့ပါဘူး။ Order တစ်ခုလက်ခံရတာ အလွန်ကို အဆင်ပြေချောမွေ့သွားမှာဖြစ်ပါတယ်။
6. Search Function (Product များ အလွယ်တကူရှာဖွေနိုင်ခြင်း)
E-commerce website တော်တော်များများမှာ Products တွေကို အလွယ်တကူရှာဖွေနိုင်ဖို့အတွက် Search box လေးပေးထားလေ့ရှိပါတယ်။ ဝယ်သူတွေအနေနဲ့ မိမိဝယ်ယူချင်တဲ့ Product ကို အဲ့ဒီ Search box ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ Product တွေကို Category အလိုက် တင်ပေးထားမှာဖြစ်တဲ့အတွက် မိမိ ဝယ်ယူချင်တဲ့ Product ကို Category အလိုက် စစ်ထုတ်ပြီးရှာဖွေလို့လည်းရပါသေးတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေကို ကြည့်ရင် ကိုယ်ပိုင် E-commerce website တစ်ခုရှိခြင်းက Online မှတဆင့် ရောင်းချနေကြတဲ့ လုပ်ငန်းတွေအတွက်အလွန်အထောက်အကူဖြစ်တယ်ဆိုတာကို သိမြင်နိုင်ပါတယ်။ အဲ့လို E-commerce website တစ်ခုကို 400,000 ကျပ်တည်းနဲ့ ရရှိနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။ (400,000 ကျပ်တန် Website တစ်ခုမှာဘာတွေပါမလဲဆိုတာ ဤ Link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
တကယ်တော့ E-commerce website နဲ့ပတ်သတ်ပြီး အသုံးပြုမယ့် လုပ်ငန်းရှင်တွေအနေနဲ့ သိထားသင့်တာလေးတွေကျန်ပါသေးတယ်။ အဲ့အကြောင်းတွေကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျာ။ (အပိုင်း (၂) ကို ဖတ်ရန် ဤ Link ကိုနှိပ်ပါ။)
Last updated on