ချိတ်ဆက်သူ
Program

ချိတ်ဆက်သူ (Freelance Sales Partner) အဖြစ်ပါဝင်ကြသူတွေဟာ Website ဖန်တီးချင်တဲ့ Client များနဲ့ ကျွန်တော်တို့ Tha Khin Web Service ကို ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်။ ချိတ်ဆက်ပေးတယ်ဆိုတဲ့အခါမှာ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ကိုယ်နဲ့ အသိတွေထဲက ဒါမှမဟုတ် ကိုယ်အလုပ်လုပ်တဲ့ Company က Website လုပ်ချင်တဲ့အခါတွေမှာ ချိတ်ဆက်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း Facebook မှာ Post တင်ပြီးရှာလို့လည်းရပါတယ်။ စိတ်ဝင်စားလို့မေးတဲ့လူရှိလာရင် Viber နံပါတ်ဖြစ်ဖြစ် Facebook အကောင့်ဖြစ်ဖြစ် ဆက်သွယ်လို့ရမယ့် အချက်အလက်တစ်ခုခုကိုတောင်းပြီး ကျွန်တော်တို့ Tha Khin Web Service ကိုပေးရုံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ဆက်သွယ်ဆွေးနွေးရင်းနဲ့ Client က အလုပ်အပ်ဖြစ်တယ်ဆိုရင် ချိတ်ဆက်သူဟာ သတ်မှတ်ထားတဲ့ ခံစားခွင့်ကိုရရှိမှာဖြစ်ပါတယ်။ အလုပ်အပ်ဖြစ်လား မအပ်ဖြစ်ဘူးလား သိနိုင်အောင်လို့ Client, ချိတ်ဆက်သူ နဲ့ Tha Khin Web Service တို့ 3 ဦးလုံး ပါဝင်သော Group Chat ဖန်တီးပြီး ဆက်သွယ်ပြောဆိုသွားမှာဖြစ်ပါတယ်။
ခံစားခွင့်အနေနဲ့ Client တစ်ယောက်ရတိုင်း 50,000 ကျပ်ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ နှစ်စဉ်ကြေးခံစားခွင့်ကိုပါထည့်သွင်းစီစဉ်ပေးထားတဲ့အတွက် Passive Income ပါ ရရှိနိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်ကြေးခံစားခွင့်ရဖို့အတွက်ကတော့ လိုအပ်တဲ့သတ်မှတ်ချက်အနည်းငယ်တော့ရှိပါလိမ့်မယ်ဗျ။
Freelance Sales Partner (ချိတ်ဆက်သူ) အဖြစ်စာရင်းပေးသွင်းဖို့ ဘာတွေလိုအပ်မလဲ?
1. နာမည်
2. ဖုန်းနံပါတ် (Viber အကောင့်ရှိရမည်။)
3. Gmail
ဒီ ၃ ချက်ရှိရင် ပါဝင်လို့ရမှာဖြစ်ပြီး ကုန်ကျစရိတ်လုံးဝမရှိပါဘူး။ ခုလို အရင်းအနှီးလည်းမလိုအပ်ဘဲ အလွယ်တကူနဲ့ တဖက်တလမ်းကဝင်ငွေရရှိနိုင်မယ့် အခွင့်အရေးလည်းဖြစ်၊ လူဦးရေကန့်သတ်ချက်လည်းရှိလို့ စောစီးစွာ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားသူများအနေဖြင့် Tha Khin Web Service ၏ Page Messenger, Viber (09 774946372) တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။